W H A T H U R T S T H E M O S T
Wednesday, January 12, 2011
နှစ်ထောင့်ဆယ့်တစ်
မကြားချင်ဘူး ကြားနေတယ် ..။
တချို့  အပြစ်တွေမှာ မပစ်နိုင်တာတွေ ပါတယ် ..။
တဇောက်ကန်း ယုံကြည်ချက်တွေ ပါတယ် ..။
အန္တာရယ်များတဲ့ လောကကြီးကို အန်တုခြင်းတွေ ပါတယ် ..။
မနေနိုင်မထိုင်နိုင် အဲ ဇာတ်ခုံမှာ ကမိတော့
ငါက ပြိုင်ဘက်ကင်း ငမိုက်သားပဲ ...။
ကျေးဇူးပဲ လောကဒါဏ် ..
ဘယ်တော့မှ မရိုးအီတဲ့ ရိုက်ချက်တွေ အတွက်
ဒီနှစ် အကယ်ဒမီလည်း ခင်ဗျားပဲ ဖြစ်သင့်ပါတယ် ..။
နှစ်ထောင့်ဆယ့်တစ်မှာလည်း ဆက် တစ်ဦးမှာပေါ့ ..
စစ်တွေဖြစ်နေကြဦးမှာပဲ..။
ဘာမှ စိတ်ပူစရာမလိုဘူး ...
အချစ်နဲ့ ပေါင်မုန့်မရှိလည်း ...
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘ၀ကို ရောင့်ရဲနေလိုက်လို့ ရတယ် ..။
ဒါက စိတ်ရှုပ်လို့ ရေးတဲ့စာ ...
ရီရင်လည်း ရီ.. ငိုရင်လည်း ငို..
ပြုံးပြုံးကြီးကြည့်ပြီးတော့ လှည့်ထွက်မသွားနဲ့..
ရင်ထဲမှာ ဘာမှန်းမသိတဲ့ အရာတွေ ဘာတစ်ခုမှ
လက်ခံမထားချင်တော့လို့...
တွန်း ဖယ် ထား တယ် ..
ခဏလောက် ငါ့ကို ရုန်းထွက်ခွင့်ပေး ..။
အိပ်မက်တွေလည်း မကောင်းတာ ကြာပြီ ...
မကောင်းတာတွေ မမက်အောင် မအိပ်ရရင်ကောင်းမှာပဲ
ဘာလုပ်ရမလဲ ...
စစ်ထဲပဲ ၀င်ရမလား
စစ်မှုပဲ ထမ်းရမလား ..
၅ သိန်းတန် ဖုန်းဝယ်ရမလား ..
၃၁ စီးရမလား ..
ကော်ဖီသောက်ပါ !
လဘ္ဘက်ရည်သောက်ပါ !
ေ-ာက်အမျိုးမျိုးပြောထားတဲ့ Billboard တွေကိုပဲ
ဖြတ်သွားဖြတ်လာ ဆဲနေမိတယ် ... ။
| Reactions: |
Friday, October 1, 2010
ရပ်
တော်ပြီ
ဒီအကြောင်းပြောရင်
စက္ကူကပ်နေတဲ့ မုန့်လုံးစားနေရသလို
ဖွယ်တယ်တယ်ကြီး ဖြစ်မှာ..
တော်ပြီ
ဒီအကြောင်းပြောရင်
ညှီစို့စို့နဲ့ စက်တင်ဘာလည်း ပါလာဦးမှာ...
တော်ပြီ
ဒီအကြောင်းပြောရင်...
ဖုန်းလိုင်းတွေ ပြတ်ပြီး ကွန်နက်ရှင်တွေ ကျသွားမှာ..
[စိုးရိမ်ရတယ် ...
ငါတို့ခေတ်က မုန်တိုင်းစော်နံလို့..
ကန်းလွန်းပါတယ်ကွာ..
ကမ်းမြင်ဖို့တော့ အဝေးကြီးပဲ..
အနေအထားကိုက နင်ရော ငါရော
အရူးစွတ်စွဲတာ ခံနေရတာကလား ]
တော်ပါပြီ
လူကြိုက်နည်းတဲ့ အမှန်တရားလည်း ..
တော်ပါပြီ...
ဖုန်ထူနေတဲ့ ရွေးကောက်ပွဲလည်း ..
တော်သင့်ပြီ..
ခြင်ဆေးခွေ ယဉ်ကျေးမှုနဲ့ ဖယောင်းတိုင် ယဉ်ကျေးမှု၊
လူတွေလည်း မီးခိုးတွေ တအူအူနဲ့..
ချို့ တဲ့မှုတွေ စားသုံးဆဲ...
ချုပ်ရိုးပြေသံချပ်ကာထဲ
ဘာကိုမှ အာမခံနဲ့။
တော်လိုက်တော့.. ။
ခင်ဗျား မသိဘူး
လူတန်းစားခွဲခြားတဲ့ ကွန်ကရစ်လမ်းမကြီးမှာ
သောက်ရေးမပါတာတွေပဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်တယ်
ဒါနဲ့များ မြို့အင်္ဂါရပ်နဲ့အညီ ဘာညာကွိကွတွေ
တော်ပါတော့...။
အားနာစရာပဲ ရန်ကုန်ရေ...
ခင်ဗျားကို ချစ်မိလို့ကျုပ်မှာ လူရာမ၀င်တော့ဘူးတဲ့ ..။
တကယ်ပဲ
ဒီနေရာမှာ..
တော်ပါပြီ ...။
| Reactions: |
Wednesday, August 4, 2010
မိုးရာသီ အရိုင်းတေး ..
မေ့လွယ်ပျောက်လွယ် နေ့ရက်တွေထဲ အိပ်မက်အသေတွေနဲ့ တုတ်နှောင်ခဲ့တဲ့ မှော်ဆရာရေ.... ကံကြမ္မာဆိုးတွေကိုချည်း တနင့်တပိုးလက်ဆောင်ထားခဲ့တာ
ခင်ဗျား နှင်တံတချက်အဝှေ့မှာတင် မှိုင်းရီ မှုန်ဝါး အုံ့ဆိုင်းခဲ့ရတာ...။ ကျုပ်တစ်ယောက်တည်းကိုပဲ ထစ်ချုန်းရွာတဲ့ မိုးလေလားလို့ မေးပစ်ချင်တယ်...။
အနားသတ်မရှိတဲ့ စိတ်မိုက်ကို ဘောင်ခတ်ထားပစ်နိုင်တဲ့ ခင်ဗျားအပြုံးမှာ ကျုပ်ဆိုတဲ့ကောင်ကလည်း ရွာရန်ရာနှုန်းအပြည့်နဲ့ ပြိုဆင်းချင်နေတော့လည်း ခက်သားလား ...။
တွေတွေ ငေး ငေး..တွေတွေငေးငေး.. ကိုယ့်နှုတ်ခမ်းကိုယ်ကိုက် နာကျင်နေပလိုက်တယ် ..
သြော် ..၀မ်းမနည်းကြေးလို့ ဆိုခဲ့ကြပေမယ့်လည်းလေ...။ အယောင်ယောင်အမှားမှားနဲ့ မိုးထဲမှာတောင် မိုးထပ်ရွာတယ် ...။ ကျေးဇူးပြုပြီး အောက်စီဂျင်ပါတဲ့ အကြည့်တွေနဲ့ပဲ ကြည့်ပါ..။
ဒါနဲ့ ခင်ဗျားပေးတဲ့ အလင်းတွေက တဆိတ်လောက် မကြမ်းလွန်းဘူးလား...အမှောင
ကံကြမ္မာကို မုန်းတယ်...။ အဆိပ်တစ်ခွက် ခဏပေးပါ ခရမ်းရောင်ရေ... လောင်ကျွမ်းပြာမကျသေးသရွေ့ေ
ဆုတောင်းမမှားခဲ့ပါဘူး...ဆု
မုန်းဖို့ချစ်ခဲ့တာမဟုတ်လို
ဟာသပဲ..။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျာ့အနားက ညှင်းသိုးသိုးလူတွေအားလုံး ဖြူဖွေးသန့်စင်သွားတဲ့အထိ ဟားတိုက်ရယ်မောပလိုက်ချင်တာ
(ခင်ဗျား မဟုတ်ဘူး...။)
သွားစမ်းပါတော့ .... အသည်းကွဲတာ မသေလောက်ပါဘူးတဲ့ ..သိပ်ဟုတ်တာပေါ့ ....
နာနာကျည်းကျည်း အလဲလဲအပြိုပြိုနဲ့ လူလိုသူလို ဖြစ်မနေတာကလွဲရင် သာမာန်ကာလျှံကာပါပဲ..။ ခေါင်းမော့ရင်ကော့ပြီး လမ်းလျှောက်ဖို့တော့ အချိန်နည်းနည်းယူရဦးမှာပေါ
ဘာမှလည်း သောက်ကြီးသောက်ကျယ်တွေ မလုပ်ချင်ဘူး...။ အရာအားလုံးဟာ အံဝင်ခွင်ကျ လွဲချော်ခဲ့ပြီးသား မဟုတ်လား ..။ ရီမယ်ဆို ရီနေလိုက်လို့ရတယ်...။ စူးစူးဝါးဝါးနဲ့ အသံထွက်မလှတာတော့ နည်းနည်း သည်းခံပေါ့ဗျာ..။ နောက်တော့လည်း.. ဖာသိဖာသာ ဖြစ်သွားမှာပါ..။
ဂါထာဆန်တဲ့ စကားလုံးအချို့ နဲ့ ခပ်ပြတ်ပြတ် ညနေတချို့  ..မတော်တဆကျကျန်ခဲ့တာလွဲရင်
အလံဖြူပြပြီး နှုတ်ဆက်ဖို့တော့ မတောင်းဆိုပါနဲ့ . ခင်ဗျားအလိုက်သိရမှာ.. ဒီကြိုးဝိုင်းထဲ ၀င်လာကတည်းက အသက်နဲ့အသက်ကို လောင်းကြေးထပ်ထားခဲ့ပြီးသား
အဟက်..! လူစွမ်းကောင်းကြီးတော့ မဟုတ်ဘူးပေါ့ဗျာ..။ ဒါပေမယ့် သွေးပျက်စရာအရှုံးကိုတွေ့နေမ
တောင်းပန်ရိပ်ညှိုးမျက်ဝန်းတ
သေချာတာတော့ သေနေတော့ လမ်းပဲ..။ မသေမချင်းတော့ သေအောင်ဆက်လျှောက်ရဦးမယ်..
summer way [August 4 f*ckin2010]
| Reactions: |
Saturday, July 17, 2010
သံလိုက်နဲ့ လုပ်တဲ့ ကော်ပတ်ရုပ်
မှတ်ဥာဏ်တစ်ခုမှ မကျန်အောင် ဆွဲဆောင်ပစ်လိုက်တယ် ။
ငါ့မှာ ပြဒါးမပါတဲ့ မှန်တချပ်ရှိတယ် ။
မေးခွန်းတိုင်းရဲ့ အဖြေတွေကို အလင်းတန်းတွေနဲ့ပဲ တုံ့ပြန်ချင်တယ် ။
အဲဒီလို ငါ့နှုတ်ခမ်းငါ ခပ်တင်းတင်းဆွဲစေ့လိုက်တဲ့ေ
ငါ့ဆီ ရိုက်လင်းတန်းတွေက
သိုးမည်းဒဏ္ဍာရီတွေကိုသာ သုတ်လိမ်းပေးခဲ့ ။
လင်းလွန်းလို့ မမြင်တော့တဲ့ အကန်းတကောင်ပါ
အမှောင်ဆိုတာ အရောင်ခြယ်ဖို့မှ မဟုတ်တာ
ဒဏ္ဍာရီထဲမှာတောင် အလင်းကျိန်စာမိတယ် ။
ငါ့ရာဇ၀င်ကို ပရိုသီးမီးယပ်စ် မတွေ့ဖူးလိုက်တဲ့
မီးအိမ်နဲ့ တောက်အက်ကစား
ချောက်ကမ်းပါးဘေးက အနှစ်နှစ်ဆယ်ကျော်သက်တမ်းနဲ
မြက်ပင်ကို ဖမ်းပြီး ကြိုးကျစ်မိတယ် ။
မြူခိုးတွေဝေနေတယ် ။ စိုစွတ်စွတ်လွင်ပြင်မှာ
စိတ်ဝိဥာဉ်တွေက ငါ့ဆံပင်တွေလို တဖျတ်ဖျတ်လွင့်
တကယ်ဆို ငါက သံပတ်ပေးတာကိုသာ စောင့်နေရမယ့် အရုပ်သေ ။
နဂါးငွေ့တန်းတစ်ခုလုံး ကြွေအောင် ဖန်ဆင်းဖို့
သခင် ... ငါ့ကို အသက်သွင်းလော့ ။
ငါက ဓူဝံကြယ်ဆီကိုမှ မိုက်မိုက်ကန်းကန်း
ပန်းတွေ ပစ်ထည့်မိတဲ့အခါ
လောကဟာ ငါ့အိတ်ကပ်ထောင့်ကျဉ်းတွေကိ
ပွဲတော်နေ့မှာမှ မိုးမိသွားတဲ့လူရိုင်းလိုပဲ
သောက်ရေးမပါတာတွေက ခုန် , ခုန်ထွက်တယ်။
ဘယ်နတ်ဆိုးရဲ့ ပုရပိုဒ်ထဲက အရှိန်အ၀ါတွေပါလာတာလဲ ။
သည်းသည်းမည်းမည်း ... ... သည်းသည်းမည်းမည်း
ငါ့မျက်တောင်တွေ ကျိုးကြေသွားလောက်အောင်
လပေါ်မှာ ဒီရေတက်ခဲ့ ။
အနီရောင်တွေ အလွဲလွဲအချော်ချော်ဖြစ်ကုန်
ဘယ်ကဝေပြုစားသလဲလို့ မေးရက်တယ် ။
လက်ထိပ်ခတ်လည်း လွင့်နေတဲ့ စိတ်အစဉ်ကို
ဘယ်ဥပဒေနဲ့ အရေးယူမှာလဲ ။
အဲဒီလိုနဲ့ ... သစ္စာတရားရဲ့ လှောင်အိမ်ကို ငါ့ခေါင်းပေါ်တည့်တည့်မှာ
ပိပိရိရိ သိမ်းလိုက်တယ် ။
ကြေးသွန်းထားတဲ့ တိမ်တချို့ရဲ့ ကျက်သရေကို
ငါ့အား ပေးတော်မူပါ ။
ဆွဲငင်အားကောင်းတဲ့ ကောင်းကင်ကို
ငါ့အတွက် မြောက်အရပ်သို့ ရွေ့ပေးတော်မူပါ ။
အဲဒီလိုနဲ့ ... ငါ့သံပတ်ကိုငါ ဆိုင်းမပါ ဗုံမဆင့်
သခင့်လက်ကို ခိုးယူခွင့်ပေးခဲ့လိုက်တယ် ။
Summer Way ၊ အဲရာဝေ
| Reactions: |
Tuesday, July 13, 2010
တယာဆရော် .....

တယော တစ်လက်ကလည်း
ဒီရင်ကို ၀ုန်းဒိုင်းကြဲစေတာပါပဲလား...
သေသေသပ်သပ် အပြုံးနဲ့
ခဏခဏ လွင့်ထွက်သွားအောင် ခင်ဗျားမို့ ပြုံးရက်တယ်...
အိပ်ရေးတွေပျက်... အဖျားတွေလည်း တတ်တယ် ဆရာ..
တယောတစ်လက်ကြောင့် တောနက်ထဲဝင်တယ်တဲ့ (အဟက်)
ဘယ်လို တရားနဲ့မှ ဖြေမရသေးဘူးဗျာ...
ခင်ဗျား ထပ်ပြုံးပါဦး ...
အဲလို အပြုံးမျိုး ခင်ဗျားကလွဲ..ဘယ်သူမှ မပြုံးတတ်ဘူး
ဘေးကျပ်နံကျပ် အသက်ရှုပါရပ်တယ်...
တဟုန်းဟုန်းနဲ့ ထထတောက်တယ်...
ဟောဒီမှာ ...အဖြူရောင်မီးတောက်.. !
ကျုပ်ကို အရှင်လတ်လတ် ပြုံးပြပြီးမှ သင်္ဂြုဟ်ပါလေ ...
SUMMER.
| Reactions: |
Saturday, June 19, 2010
ချိန်းတွေ့တဲ့မိုး
ကောင်းကင်က မျက်ရည်ခံထိုးပြီ။
နွမ်းလျအိမ်ပြန်ညနေရဲ့
နောက်ဆုံးတောက်ပတဲ့မျက်လုံးတွေ
နံရံပေါ်ကနာရီထဲ ထားပစ်ခဲ့
ဟောဟို လှေကားထစ်အမြင့်ကြီးတွေဆီကနေ
ဘ၀ရဲ့ အနည်ထိုင်ခြင်းဟာ
လေးလေးလံလံခုန်ချလိုက်ပေါ့။
မိုးရေထဲဖြတ်လျှောက်သွား
ကွန်ကရစ်လမ်းမ ပလပ်ဖောင်း
တခြမ်းစောင်းအောင် ထိုင်အော်နေကျ ခြင်္သေ့တွေရှေ့
စိတ်ကူးရုပ်ရှင်ထဲ
ဘယ်အနမ်းတွေ ပူနွေးပ။
ရော...အဲဒီ အကျင့်ကိုပဲ မကြိုက်တာ
ဟောဒီမှာ သူမကတော့
ခေါက်ထီးလေး မလုံ့တလုံနဲ့
ငါ့ ရင်အုံဆီ တန်းတန်းမတ်မတ် လာနေတော့ရဲ့...။ ။
အောင်ဝေး (ပန်းဝေသီ၊၁၉၉၃ စက်တင်ဘာ)
| Reactions: |